ဒီနေ့မနက် အိပ်ရာထတော့ ဆောင်းရာသီအကြို အေးမြမှုကို ခံစားလိုက်ရတယ်။
စိတ်ထဲမှာလဲ ဆောင်းရာသီကို ရောက်တော့မယ်ဆိုတဲ့အသိနဲ့ ပျော်ရွှင်သွားမိတယ်။
နှင်းတွေကိုလဲချစ်တယ်။ ဆောင်းရာသီကို လဲချစ်တယ်။
မနက်အစောကြီး နှင်းဖွေးဖွေးမှာ လမ်းလျှောက်ရတဲ့အရသာ ကို လဲ ဘာနဲ့မှမလဲနိုင်ဘူး။ ကိုယ့်ရဲ့မျက်နှာကို နှင်းမှုံတွေလာရိုက်ခတ်တာကိုလဲ သဘောကျတယ်။
စိတ်ထဲမှာအေးချမ်းမှုကိုလဲ ခံစားရတယ်။ ဒေါသတွေ မာနတွေ လောဘတွေလဲ ကင်းစင်နေတယ်
ဆောင်းအကြို မနက်ခင်းမှာ ခံစားမိတာလေးကို ရေးကြည့်လိုက်တာပါ
No comments:
Post a Comment