Tuesday, November 20, 2007
Sunday, November 18, 2007
တွေးမိတဲ့အတွေးလေးတခု
လူတွေဟာ မြင့်မားပြီးလုပ်ပိုင်ခွင့်ရှိနေချိန်မှာ အဲဒီလူအပေါ်မှာ အားလုံးက၀ိုင်းပြီး မြှေက်ပင့်နေကြပြီး သူ့ရဲ့ကျဆုံးချိန်မှာ ၀ိုင်းပီးဖိနှိပ်ကြတာ ဘာကြောင့်လဲ။
Posted by
dreamlover
at
1:23 AM
0
comments
လွမ်းရတဲ့မြို့လေးတမြို့
အခုလို ချမ်းအေးလှတဲ့ဆောင်းရာသီမှာ တခါကရောက်ခဲ့ဘူးတဲ့ ချစ်စရာကောင်းပြီး သာယာလှပတဲ့ ရှမ်းပြည်နယ်က ကျောက်မဲမြို့လေးကို သတိရနေမိတယ်။ ကျောက်မဲမြို့က ခရိုင်အဆင့်ရှိတဲ့ မြို့ဆိုတော့ လူနေအိမ်တွေ၊ ဈေးတွေ တည်ဆောက်ထားပုံက စနစ်ကျပြီး သန့်ရှင်းသပ်ယပ်နေတယ်။ ရှမ်းပျိုဖြူလေးတွေကလဲ ရိုးသားပြီး ချစ်စရာကောင်းကြတယ်။
Posted by
dreamlover
at
1:08 AM
0
comments
Thursday, November 8, 2007
ချစ်သော ဆောင်းရာသီ
ဒီနေ့မနက် အိပ်ရာထတော့ ဆောင်းရာသီအကြို အေးမြမှုကို ခံစားလိုက်ရတယ်။
စိတ်ထဲမှာလဲ ဆောင်းရာသီကို ရောက်တော့မယ်ဆိုတဲ့အသိနဲ့ ပျော်ရွှင်သွားမိတယ်။
နှင်းတွေကိုလဲချစ်တယ်။ ဆောင်းရာသီကို လဲချစ်တယ်။
မနက်အစောကြီး နှင်းဖွေးဖွေးမှာ လမ်းလျှောက်ရတဲ့အရသာ ကို လဲ ဘာနဲ့မှမလဲနိုင်ဘူး။ ကိုယ့်ရဲ့မျက်နှာကို နှင်းမှုံတွေလာရိုက်ခတ်တာကိုလဲ သဘောကျတယ်။
စိတ်ထဲမှာအေးချမ်းမှုကိုလဲ ခံစားရတယ်။ ဒေါသတွေ မာနတွေ လောဘတွေလဲ ကင်းစင်နေတယ်
ဆောင်းအကြို မနက်ခင်းမှာ ခံစားမိတာလေးကို ရေးကြည့်လိုက်တာပါ
Posted by
dreamlover
at
1:46 AM
0
comments
Subscribe to:
Posts (Atom)